| TAFE with PR | | Print | |
|
ကျွန်တော်တို့ သူငယ်ချင်းများနှင့် Email questions များအရ မြန်မာနိုင်ငံတွင် TAFE သည် နာမည်ရလာနေကြောင်းသိရပါသည်။ နာမည်ရလာခြင်း အကြောင်းမှာ TAFE ပြီးလျှင် PR ရနိုင်သည် ဟုသော အကြောင်းတစ်ခုကြောင့်ဖြစ်ပါသည်။ " TAFE အပြီး PR လိုအပ်သည်လား။ University ဆက်တက်ရန်အတွက်တော့ အဆင်ပြေမလား။ " TAFE တွင် PR ရနိုင်သော အခွင့်အရေးများသည့် courses 2 ပိုင်း သာ ရှိပါသည်။ Hospitality- Cookery နှင့် Hair Dressing တို့သာဖြစ်ပါသည်။ တခြား Course များသည် TAFE ပြီးပြီးချင်း PR ရနိုင်သော အခွင့်အရေးနည်းသည်။ ဥပမာ - Engineering diploma or advanced diploma စဉ်းစားကြည့်မယ်ဆိုလျှင် - ဤ Course သည် Australia Immigration Point System တွင် 40 points ဖြစ်သည်။ ထို့ကြောင်း course အပြီး Graduate (temporary) Visa Subclass (485) ကို လျှောက်ခွင့် မရှိပါ။ ထို Visa လျှောက်ရန် မိမိ Course သည် အနည်းဆုံး 50 points ရှိရပါမည်။ Courses တော်တော်များများသည် Degree ပြီးလျှင် PR ရနိုင်သော Chance များပါသည်။ ထိုအကြောင်းအသေးစိတ်ကို Skilled Occupation List (SOL) တွင် ကြည့်နိုင်ပါသည်။ List ထဲမှ Professional အပိုင်းသည် Degree ရပြီးသော ကျောင်းသားကို ဆိုလိုပါသည်။ ထိုအကြောင်းများကြောင့် မိမိ လိုအပ်ချက်ကို ကြိုတင် စဉ်းစားစေချင်ပါသည်။ TAFE ပြီးပြီးချင်း PR လိုအပ်သည်လား။ Universtiy ကို တက်မည်လား။ This Information is based on the situation at 13th March 2008. 1 . Assessing Authorities is an organization which assess the points of your occupation for migration. |
